A-01 Shin Thant

Explore a curated collection of high-quality Myanmar typefaces for your creative projects.

A-01 Shin Thant specimen 1

Loading uploaded font...

Size48px
Line Height1.2
Letter Spacing-0.32px
A
Aka Font

Myanmar

Myanmar type designer on Daung.net. Explore published fonts from this studio.

0

Followers

2

Fonts

Free License

Free

Download and use for personal projects.

About This Font

"ရှင်းသန့်" (A01-Shin Thant) ယူနီကုဒ်ဖောင့်ကို မြန်မာစာပေနှင့် တိုင်းရင်းသားဘာသာစကား သုံးစွဲသူများ၊ ဒီဇိုင်းပညာရှင်များအားလုံး အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် အခမဲ့ (Free Font) အဖြစ် စတင်မျှဝေပေးလိုက်ပါသည်။ "ရှင်းသန့်" ဖောင့်သည် သာမန်ခေါင်းစဉ်သုံးဖောင့် (Display Font) မျိုး မဟုတ်ဘဲ စာပိုဒ်ရှည်များ စီညှိရာတွင် ဖတ်ရှုရ အလွန်သက်သာပြီး မျက်စိပသာဒဖြစ်စေမည့် စာကိုယ်ဖောင့် (Body Text Font) အဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၁။ တပြေးညီ ဒီဇိုင်းစနစ်နှင့် ဘာသာစကားဆိုင်ရာ ပံ့ပိုးမှု (Cross-Language Harmonization) ဤဖောင့်၏ အဓိက အားသာချက်မှာ ကွဲပြားခြားနားလှသည့် မြန်မာနှင့် တိုင်းရင်းသားအက္ခရာများ၏ ဖွဲ့စည်းပုံကို ဒီဇိုင်းစံနှုန်းတစ်ခုတည်း (Unified Design DNA) အောက်တွင် စည်းချက်ကျကျ ပေါင်းစည်းထားနိုင်ခြင်း ဖြစ်သည်။ အောက်ပါ ဘာသာစကားအားလုံးကို တစ်ပြိုင်နက် ပြည့်စုံစွာ ပံ့ပိုးပေးထားပါသည် - ဗမာ၊ ပါဠိ၊ သက္ကတ နှင့် ရှေးဟောင်းဗမာစာ မွန်၊ ရှမ်း နှင့် ပအိုဝ်း စကောကရင်၊ အရှေ့ပိုးကရင် နှင့် အနောက်ပိုးကရင် ၂။ နည်းပညာနှင့် ရုပ်ထွက်ဆိုင်ရာ အသေးစိတ် တွက်ချက်မှုများ (Technical Highlights) အိုဗယ်ပုံစံ အခြေခံတည်ဆောက်မှု (Oval-Based Anatomy): သင်္ချာနည်းကျ တိကျသေသပ်သော အိုဗယ် (Oval) တည်ဆောက်ပုံကို အသုံးပြုထားပြီး၊ စာလုံးအဆုံးသတ် Vector Node များအထိ စနစ်တကျ ဖြတ်တောက်ပုံဖော်ထားသည်။ အမြင်အာရုံ အလေးချိန် ညီမျှခြင်း (Uniform Grey Value): စာလုံးဖွဲ့စည်းပုံ ရှုပ်ထွေးလှသည့် တိုင်းရင်းသားစာပေများကို စာပိုဒ်အလိုက် ယှဉ်တွဲစီရိုက်သည့်အခါ၌ပင် စာသားတစ်ခုလုံး၏ သိပ်သည်းဆ (Visual Density) နှင့် အထူအပါးမှာ ကွက်တိကျပြီး ညီညာငြိမ်သက်သော Horizontal Flow ကို ပေးစွမ်းနိုင်သည်။ စာလုံးတွဲနှင့် သင်္ကေတများ နေရာချထားမှု (Optical Alignment): အမိုး၊ အောက်ဆင့်၊ ဝဆွဲနှင့် အသံထွက်သင်္ကေတများ (Diacritics) အားလုံးကို ဘာသာစကားအလိုက် စနစ်တကျ ညှိနှိုင်းထားသဖြင့် စာလုံးချင်း ညိခြင်း၊ ထပ်ခြင်း လုံးဝမရှိဘဲ ဖတ်ရလွယ်ကူမှု (Readability) မြင့်မားအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။

Full Font Name

A-01 Shin Thant

Year Created

2026